ကျွန်ုပ်တို့ဟာ ယခုတလောမှာတော့ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တိုင်းမှာ ”Transition” အကြောင်းဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ ယနေ့ဖော်ပြပေးတဲ့ဆောင်းပါးကတော့ “Transition” စီးရီးရဲ့ ၆ခုမြောက်ဆောင်းပါးဖြစ်ပါတယ်။
အသွင်ကူးပြောင်းမှုကိုကျော်လွှားနိုင်ရန်အတွက် ‘Situation’, ‘Self’, ‘Supports’, နဲ့ ‘Strategies’ ဖြင့်ဖွဲ့စည်းထားသည့် 4Ss စနစ်မှ ‘Self’ နဲ့ ‘Support’ အကြောင်း ပြောချင်ပါတယ်။ 4Ss စနစ်သည်သင်၏ ‘ပြောင်းလဲမှု’ ကိုထိန်းချုပ်နိုင်ပါတယ်။
Self : အသွင်ကူးပြောင်းမှုကိုကျော်လွှားနိုင်ရန်သင်မှာရှိတဲ့ အရာတစ်ခုခုထဲမှသင်ဘာကိုအသုံးပြုပါသလဲ? သင်အပြောင်းအလဲများကိုကိုင်တွယ်တဲ့အခါ Inner Strength ကောင်းခြင်းဟာ အားသာချက်ဖြစ်နိုင်ပါတယ်။
ထို့ကြောင့်သင်ရဲ့ ကိုယ်ပိုင်ပြဿနာနဲ့ အရင်းအမြစ်များကိုစစ်ဆေးရန်လိုအပ်ပါတယ်။ အောက်ပါမေးခွန်းများကိုဖြေဆိုခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။
-အသွင်ကူးပြောင်းမှုဖြစ်ပေါ်စေတဲ့ Event နဲ့ Non-Event များက သင့်ကို Motivate ပေးသလား? (သို့မဟုတ်) သင်ဘာလုပ်ရမှန်းပျောက်ဆုံးနေပါသလား?
– ဘယ်လိုစိတ်ဖိစီးမှုများကို ဘယ်လိုစီမံသလဲ? (သို့မဟုတ်) မထိန်းချုပ်နိုင်တာမျိုးရှိသလား?
– အသွင်ကူးပြောင်းမှုကိုသင်ဘယ်လိုကိုင်တွယ်လေ့ရှိသလဲ? ၎င်းကိုရင်ဆိုင်သလား?၊ ခုခံသလား?၊ ဘာမှမလုပ်ပဲနေသလား?၊ ဒါမှမဟုတ် တခြားအပြုအမူတွေရှိသလား?
– အသွင်ကူးပြောင်းမှုကိုသင်ရင်ဆိုင်ရတဲ့အခါပြဿနာများကို သင်ထိန်းချုပ်တတ်ပါသလား?
– သင့်ကိုယ်သင် ကောင်းကောင်းနားလည်ပါသလား?
– သင်က အကောင်းမြင်တတ်သူလား၊ အဆိုးမြင်တတ်သူလား?
သင်ကိုယ်တိုင်မသေချာသေးဘူးဆိုရင်တော့ သောကြာနေ့မှာ တင်ပေးသွားမယ့် Workshop က သင့်အတွက်အထောက်အကူအညီဖြစ်နိုင်ပါတယ်။
Support : အသွင်ကူးပြောင်းမှုဟာအရေးကြီးတဲ့ အခန်းကဏ္ဍ သုံးခုရှိပါတယ်။
Favor: မိသားစု၊ သူငယ်ချင်းတွေကို လေးစားခြင်း၊ ချစ်ခင်ခြင်းစတဲ့ ကောင်းသောစိတ်ခံစားမှုဖော်ပြခြင်း။
ဥပမာ – သင်ဟာ ကောင်းသောခင်မင်ရင်နှီးတဲ့ ဆက်ဆံရေးတွေရရှိလာနိုင်ပါတယ်။
Affirmation – တစ်ယောက်ယောက်ကသင့်နဲ့အတူ တစ်ခုခုကိုသဘောတူ၊ သို့မဟုတ် သင့်ဘက်ကထောက်ခံခြင်း။
ဥပမာ – သင်တစ်စုံတစ်ဦး ကသင်လုပ်သောအရာသည်မှန်ကန်သည်ဟုဆိုခြင်း။
– Aid – အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ တစ်ယောက်ယောက်က သင့်ကိုတိကျခိုင်မာတဲ့အထောက်အပံ့များပေးခြင်း။
ဥပမာ – သတင်းအချက်အလက်၊ အချိန်၊ ပိုက်ဆံစသည်ဖြင့်။
အကယ်၍ ဒီအချက် ၃ခုထဲက အကြောင်းအရာတွေက မလုံလောက်သေးဘူးလို့ ထင်ရင်တော့ ဘယ်လို Cover လုပ်မလဲဆိုတာ သင်စဉ်းစားနိုင်ပါတယ်။
‘Self’ နှင့် ‘Support’ မှအချက်များဟာ အပြုသဘောရော၊ အပျက်သဘောပါဆောင်တဲ့အတွက် သင်သေချာစွာကိုင်တွယ်နိုင်ရန်အရေးကြီးပါတယ်။ ထိုအချိန်တွင် ဤအရင်းအမြစ်များကိုသင့်လျော်စွာအကဲဖြတ်ခြင်းအောင်မြင်ဖို့ဖြစ်လာပါလိမ့်မယ်။ လာမယ့်တနင်္လာနေ့မှာတော့ မဟာဗျူဟာများအကြောင်းဆွေးနွေးသွားမှာဖြစ်တဲ့အတွက် စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့နော်…