Transitions in your life Vol. 7 4Ss system: Strategies

9 November 2020

သင့်ဘ၀မှာ နည်းဗျူဟာများကို သင်ဘယ်လိုထည့်သွင်းစဉ်းစားလေ့ရှိပါသလဲ? နည်းဗျူဟာဆိုတာအောင်မြင်မှုရရန်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ ယခုတလောမှာတော့ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တိုင်းမှာ ”Transition” အကြောင်းဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ ယနေ့ဖော်ပြပေးတဲ့ဆောင်းပါးကတော့ “Transition” စီးရီးရဲ့ ၇ခုမြောက်ဆောင်းပါးဖြစ်ပါတယ်။

အသွင်ကူးပြောင်းမှုကိုကျော်လွှားနိုင်ရန်အတွက်ယနေ့ကျွန်ုပ်တို့သည် ‘Situation’, ‘Self’, ‘Support’ နှင့် ‘Strategies’ တို့ဖြင့်ဖွဲ့စည်းထားသော 4Ss စနစ်တွင် ‘Strategies’ အကြောင်းပြောချင်ပါတယ်။ 4Ss စနစ်ဟာသင့်ရဲ့ ‘ပြောင်းလဲမှု’ ကိုထိန်းချုပ်နိုင်ပါတယ်။
 

အခြေအနေများကိုတိုးတက်အောင်လုပ်ဆောင်ခြင်း

 
အခက်အခဲများနှင့်ရင်ဆိုင်ရသောအခါအခြေအနေပြောင်းလဲခြင်းအတွက် အရင်းအမြစ်များဖြစ်တဲ့ situation, self, supports and strategies တို့ကို သင်စဉ်းစားနိုင်ပါတယ်။
 
– ညှိနှိုင်းဆောင်ရွက်ပါ
– အပြုသဘောထားရှိပါ (အရှုံးမပေးပါနဲ့)
– အကြံဥာဏ်ပေးရန်တစ်စုံတစ်ယောက်အားပြောပါ
– သင့်ရဲ့အငြင်းအခုံကိုရှင်းလင်းပါ
– ရှုထောင့်သစ်ကိုရရှိရန်အတွက်စိန်ခေါ်မှုများကိုရင်ဆိုင်ပါ
 
၁) အသွင်ကူးပြောင်းမှုရဲ့အဓိပ္ပါယ်ကိုပြောင်းလဲခြင်း
 
အမှန်တကယ်အခြေအနေမပြောင်းလဲနိုင်သော်လည်းသင်ရဲ့အမြင်ကိုပြောင်းလဲနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး ကြိုးစားကြည့်လိုက်ပါ…
– အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကိုပြန်လည်စဉ်းစားကြည့်ပါ။ ( 4S နည်းလမ်းကိုသုံးနိုင်ပါတယ် )
– သင်မျှော်လင့်ထားနိုင်တဲ့ဖြစ်ရပ်များအတွက်ကြိုတင်ပြင်ဆင်ထားပါ (မိမိကိုယ်ကိုသုံးသပ်ပါ(သို့မဟုတ်)တစ်စုံတစ်ယောက်နှင့်ဆွေးနွေးပါ)
– အကောင်းမြင်နှိုင်းယှဉ်ခြင်း (အခြားသူများနှင့်နှိုင်းယှဉ်နိုင်ကြည့်ပါ)
– ဦးစားပေးအရာများကိုပြောင်းလဲပါ
 
၂) သင့်ရဲ့ စိတ်ဖိစီးမှုများကိုပြေပျောက်အောင်လုပ်ဆောင်ပါ
 
လူတွေက အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ “စိတ်ကျေနပ်ခြင်း”, “စိတ်ပျော်ရွှင်ခြင်း” စတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို မေ့ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေကြုံရတဲ့ အခါတွေမှာတောင် သင့်ကို စိတ်လှုပ်ရှားစေတဲ့အရာတွေကို ပြုလုပ်နိုင်ပါတယ်။