ကျွန်ုပ်တို့ဟာ ယခုတလောမှာတော့ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တိုင်းမှာ ”Transition” အကြောင်းဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ ယနေ့ဖော်ပြပေးတဲ့ဆောင်းပါးကတော့ “Transition” စီးရီးရဲ့ ၈ခုမြောက်ဆောင်းပါးဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ ‘အပြောင်းအလဲကိုလက်ခံခြင်း’ ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်။ အရင်ဆောင်းပါးမတိုင်ခင်အထိ အဓိကပြဿနာများကို အာရုံစိုက်ပြီး ကျွန်ုပ်တို့ကျော်လွှားရမယ့်လုပ်ငန်းစဉ်အကြောင်းပြောခဲ့ပြီးဖြစ်ပါတယ်။ ထို့နောက် သင်ကြုံတွေ့ခဲ့ရတဲ့ပြောင်းလဲမှုတွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို စဉ်းစားရန်လိုအပ်ပါတယ်။ ဆိုလိုသည်မှာ အသွင်ကူးပြောင်းမှုများနဲ့ ရင်ဆိုင်ပြီး သင်ရရှိခဲ့တဲ့ သင့်ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်၊ အဖွဲ့အစည်းကျွမ်းကျင်မှုစွမ်းရည် စတဲ့ သင့်ရဲ့ကိုယ်ပိုင်စွမ်းရည်တွေကိုရှာဖွေရန်ဖြစ်ပါတယ်။ အောက်ပါမေးခွန်းများကိုသင့်ကိုယ်သင်ပြန်မေးပြီး စစ်ဆေးနိုင်ပါတယ်။
အပြောင်းအလဲများမှတဆင့် …
အရင်ကရရှိဖူးတဲ့ရွေးချယ်စရာများလိုမဟုတ်ပဲ ရွေးချယ်စရာအသစ်တွေရှိလာပါသလား?
သင့်အတွက်ရှုထောင့်အသစ်၊ အခန်းကဏ္ဍအသစ်၊ ဆက်ဆံရေးအသစ်၊ နေ့စဉ်ဘဝအသစ်တွေရှိလာပါသလား?
ယေဘုယျအားဖြင့်အသွင်ကူးပြောင်းမှုဟာ သင့်ရဲ့ဘဝကိုပြောင်းလဲစေပြီး၎င်းကိုလိုက်လျောညီထွေဖြစ်အောင်သင်အချိန်ယူရပါလိမ့်မယ်။ အပြုသဘောဆောင်တဲ့အသွင်ကူးပြောင်းမှုတွေတောင်မှ သင့်အတွက်ရှုပ်ထွေးပြီး လက်ခံရန်ခက်ခဲနိုင်ပါတယ်။ သို့သော်လည်းသင်ဟာ၎င်းတို့ကို ဓမ္မဓိဌာန်ကျကျစဉ်းစားခြင်းဖြင့်ကျော်လွှားနိုင်ပါတယ်။ ထိုအချိန်တွင် “4Ss” စနစ်နဲ ဒီဆောင်းပါးတွဲဆောင်းပါးများနဲ့ ပါတ်သက်တဲ့သတင်းအချက်အလက်အချို့ဟာ သင့်အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။