Working attitude: Ask

12 November 2020

[သင်၏စီးပွားရေးအဆင့်ကိုသက်သေပြနိုင်သည့်လိုအပ်သောစွမ်းရည် – “Ask”]
ဒီ Post မှာတော့ “Ask” ရဲ့အကြောင်းအရာကို “Hear”, ”Listen” နဲ့ “Ask” ဆိုတဲ့အလုပ်လုပ်သောစိတ်သဘောထားရဲ့နောက်ဆုံးတစ်ခုအဖြစ်ရှင်းပြမှာဖြစ်ပါတယ်။ သင်သိထားပြီးတဲ့အတိုင်း “Ask(မေးရန်)” ဆိုသည်မှာ သင်သိဖို့လိုအပ်တဲ့အရာကို တစ်စုံတစ်ဦးအား မေးခွန်းမေးခြင်းဖြစ်ပါတယ်။
ဒီအချက်ဟာရိုးရှင်းတယ်လို့ထင်ရပေမယ့် တခြားသူတွေက သင်မေးတဲ့မေးခွန်းကိုကြည့်ပြီးသင့်ရဲ့အရည်အချင်းတွေကိုအကဲဖြတ်တတ်တဲ့အတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်မေးလိုက်တဲ့မေးခွန်းဟာ သင်စိတ်ဝင်စားတဲ့အရာ၊ ဒါမှမဟုတ် သင်လိုက်စားလိုတဲ့အရာတွေရဲ့ အနှစ်သာရကို ရရှိလိုကြောင်းပြောပြနေတဲ့အတွက် တခြားသူတွေဟာ သင်မေးလိုက်တဲ့မေးခွန်းအပေါ် သတိထားတတ်ပါတယ်။ ဒါကြောင့်သင်ဟာ သင့်ရဲ့ သင့်ရဲ့ Social Skill (Asking skill) တွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။
 
[မေးခွန်းမေးခြင်းနှင့်ပတ်သက်သောစွမ်းရည် ၃ ခု]
မြင့်မားတဲ့ Asking skills တွေကသင့်ကိုကောင်းကျိုးများစွာရရှိစေပါလိမ့်မယ်။ ပထမဦးစွာ ဥပမာအားဖြင့် သင်ဟာ ‌မေးခွန်းမေးခြင်းဖြင့် သင့်ရဲ့အမှားအယွင်းများလျော့ကျစေပြီး ရည်မှန်းချက်များကိုပြည့်မီစေပါလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ သင်ဟာမေးခွန်းများများမေးလေ သင့်ရဲ့ Communication skills ဟာ ပိုပြီးတိုးတက်လာလေလေဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ သင်ဟာမေးခွန်းမေးခြင်းဖြင့် ပြဿနာတွေရဲ့အကြောင်းအရင်းကိုသိရှိရတဲ့အတွက် ထိုပြဿနာတွေကိုအလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
 
[သင့်ရဲ့မေးခွန်းမေးခြင်းစွမ်းရည်ကိုတိုးတက်စေရန်နည်းလမ်း ၄ ခု]
သင့်ရဲ့မေးခွန်းမေးခြင်းစွမ်းရည်ကိုတိုးတက်စေမယ့်နည်းလမ်းလေးခုကိုမိတ်ဆက်ပေးပါမယ်။
1.မေးမြန်းရခြင်းရဲ့ရည်ရွယ်ချက်(သို့မဟုတ်)အကြောင်းပြချက်ကိုရှင်းလင်းရန်
2.သင့်ရဲ့စိတ်ခံစားမှုကိုဓမ္မဓိဌာန်ကျကျကြည့်ရှုရန်
3.တိတ်ဆိတ်စွာနေပြီးစဉ်းစားရန် (တိတ်ဆိတ်မှုကိုမကြောက်ပါနှင့်)
4.တခြားသူများရဲ့ Expression အဓိကအားဖြင့် Face Expression ကို သတိပြုရန်
 
ဒီအချက်တွေကို သင်ပိုင်နိုင်ပြီဆိုရင်တော့ သင့်အလုပ်မှာ သင်ဟာ ကျွမ်းကျင်စွာမေးခွန်းမေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။
 
[နိဂုံး]
မည်သည့်ကိစ္စတွင်မဆိုစွမ်းရည်မေးမြန်းခြင်းဟာအလွန်အရေးကြီးပါတယ်။ သင့်ပတ်၀ န်းကျင်ရှိလူများကသင့်ရဲ့မေးမြန်းခြင်းနည်းလမ်းတွေကနေတစ်ဆင့် သင့်ကိုနားလည်ပါလိမ့်မယ်။ သို့သော်လည်း မေးမြန်းခြင်းစွမ်းရည်တစ်ခုထဲကျွမ်းကျင်ရုံနဲ့ သင့်ကို Professional တစ်ယောက်လို့ သတ်မှတ်လို့မရပါဘူး။ တစ်ချိန်ထဲမှာပဲ သင့်ရဲ့နားထောင်နိုင်ခြင်းစွမ်းရည်ကိုလည်းတိုးတက်အောင်လုပ်ဆောင်ဖို့လိုပါတယ်။ ဒီကျွမ်းကျင်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိတဲ့အတွက် ရှုထောင့်နှစ်ခုလုံးမှ စကားစမြည်ပြောဆိုခြင်းကိုအာရုံစိုက်သင့်ပါတယ်။
 
[Reference]
How to Be Amazingly Good at Asking Questions (URL)