Workshop Vol. 10: လာမယ့်သီတင်းပတ်အတွက်အလုပ်အချိန်ဇယားဆွဲလိုက်ရအောင်!
4 December 2020
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပြောခဲ့သလိုပဲ အချိန်ဇယားဆွဲခြင်းဟာ အိမ်မှာအလုပ်လုပ်နေစဉ် သင်ရဲ့စွမ်းအင်ထုတ်လုပ်နိုင်စွမ်း၊အလုပ်လုပ်နိုင်စွမ်းကို ပိုမိုမြင့်မားစေနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ ကိုယ်ပိုင်အချိန်ဇယားကို စလုပ်ကြည့်လိုက်ရအောင်!

အောက်ပါအကြောင်းအရာတွေအပေါ် မူတည်ပြီးသင့်ရဲ့ မနက်ခင်းနဲ့ နေ့လည်ခင်းတွေမှာ ဘာတွေလုပ်ရမလဲဆိုတာကို အချိန်နဲ့သတ်မှတ်ပြီး သင့်ရဲ့ အချိန်ဇယားထဲမှာ ထည့်လိုက်ရအောင်…
၁) အိပ်ရာထချိန်
၂) မနက်ပိုင်းလုပ်ရိုးလုပ်စဉ်အချိန် : ရေချိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ နံနက်စာစားခြင်း၊ သတင်းကြည့်ခြင်း၊ အခန်းရှင်းခြင်း စတဲ့လုပ်ရိုးလုပ်စဉ်များအတွက်အချိန်
၃) အလုပ်စတင်ချိန် : သင့်ရဲ့ အထက်လူကြီးကို အစီရင်ခံစာတင်ခြင်းကဲ့သို့ အရေးကြီးတဲ့အလုပ်တွေကို အရင်ဦးစားပေးပြီး ပုံမှန်အတိုင်းအလုပ်လုပ်ပါ။
၄)ခေတ္တနားချိန် : အလုပ်ချိန် ၇၅မိနစ်ပြီးရင် ကော်ဖီ (သို့မဟုတ်) လက်ဘက်ရည်သောက်ချိန် ၅မိနစ်စာလောက်ယူပြီး နားပါ။
၅) အလုပ်ပြန်လုပ်ချိန် : စိတ်အလိုလိုက်ပြီး နားချိန်ကိုထပ်ကြာအောင်မယူသင့်ပါဘူး။
၆) နေ့လည်စာစားချိန် – ရုံးမှာတစ်ချိန်တည်းသတ်မှတ်ထားတဲ့အချိန်မှာ နေ့လည်စာစားပါ။
၇) အလုပ်ပြန်လုပ်ချိန်
၈) ခေတ္တနားချိန်
၉) အလုပ်ပြီးချိန် : အလုပ်မသိမ်းခင် မနက်ဖြန်လုပ်ရမယ့်အလုပ်တွေကိုစစ်ပြီး သင့်ရဲ့အချိန်ဇယားထဲမှာထည့်ပါ။

ညနေပိုင်းအချိန်အတွက်
၁) သင့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်သိမ်းဆည်းပါ။
၂) ကိုယ်ပိုင်အချိန်ပြုလုပ်ပါ : သင့်ရဲ့ အားလပ်ချိန်ကို မိသားစုနဲ့ ကုန်ဆုံးခြင်း၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့စကားပြောခြင်း၊ ညစာစားခြင်း စတာတွေကိုပြုလုပ်ပါ။
၃) မနက်ဖြန်အတွက်ပြင်ဆင်ပါ
၄) အိပ်ရာဝင်ပါ