Workshop Vol. 11: သင်ကိုယ်သင်အလုပ်များလွန်းတယ်လို့ထင်သလား?

11 December 2020

အကယ်၍ သင်ဟာ workaholic တစ်ယောက်ဖြစ်ပါက နောက်နှစ်ထဲမှာသင့်ရဲ့ နေထိုင်မှုပုံစံကိုပြောင်းဖို့လိုပါလိမ့်မယ်။ Workaholic ဆိုသည်မှာအလုပ်ကိုအချိန်အကြာကြီး အလွန်အကြွံကြိုးစားသူကိုဆိုလိုပါတယ်။ ဒါဆိုရင် စစ်ဆေးမှုလုပ်လိုက်ရအောင်! ဘယ်လိုတွက်ချက်ရမလဲဆိုတာကိုအောက်ပါပုံဖော်ပြချက်တွေမှာပြထားပါတယ်။

(1) ပုံပါ အချက် ၇ချက်ကို အဆင့် ၁ မှ ၅ အထိ အဆင့်သတ်မှတ်ပါ။ ၁ (ဘယ်တော့မှ)၊ ၂ (ရှားပါး)၊ ၃ (တစ်ခါတစ်ရံ)၊ ၄ (မကြာခဏ)၊ ၅ (အမြဲ)
(2) Andreassen ရဲ့လေ့လာမှုအရ ၇ချက်အနက်မှအနည်းဆုံး ၄ချက်တွင် “မကြာခဏ” သို့မဟုတ် “အမြဲတမ်း” ရမှတ်ဖြစ်နေပါက သင်ဟာ Workaholic တစ်ယောက်ဖြစ်တယ်လို့ဆိုလိုပါတယ်။