သောကြာနေ့တိုင်းတင်ပေးသွားတဲ့ ကျွန်ုပ်တို့ Post တွေကတော့ အဓိကအားဖြင့် သင့်ရဲ့ Self-awareness အတွက်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင်ပိုပြီးနားလည်နိုင်ဖို့အတွက် ဒီ workshop ကို ဆက်ပြီး လုပ်လိုက်ရအောင်…
ဒီနေ့မှာတော့ သင့်ရဲ့ စိတ်ဝင်စားမှုတွေအပေါ်မှာ အာရုံစိုက်လိုက်ကြမယ်လေ..သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကလည်း သင့်ရဲ့ Career ဆုံးဖြတ်ချက်အတွက် အသုံးဝင်နိုင်ပါတယ်နော်..ဒါဆိုရင် အခုဖော်ပြပေးမယ့်အချက်လေးတွေကို လိုက်လုပ်ကြည့်ရအောင်..
သင့်ရဲ့အကြိုက်ဆုံးအရာတွေကို တတ်နိုင်သလောက် ချရေးကြည့်ပါ။ ဉပမာ – ဝါသနာ၊ အကြိုက်ဆုံးရုပ်ရှင်၊ စာအုပ်၊ အနုပညာရှင်၊ သီချင်း…
သတင်းစာ၊ မဂ္ဂဇင်း၊ webpage တွေမှ သင့်အတွက်စိတ်ဝင်စားဖိုကောင်းတဲ့ သတင်းခေါင်းစဉ်များကို ချရေးကြည့်ပါ။
သင်အသက်ရှိစဉ် ပြီးမြောင်အောင်လုပ်ဆောင်သွားချင်တဲ့အရာတွေကို ချရေးကြည့်ပါ။
ထိုအချက်များမှ သင် ရယူလိုသောအသက်မွေးဝမ်းကျောင်းမှုအတွက်အကြံဥာဏ်များကိုရရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် – FMGC တွင်အလုပ်လုပ်ခြင်း၊ စားသောက်ဆိုင်တွင်အလုပ်လုပ်ခြင်း၊ စားဖိုမှူးအနေဖြင့်လုပ်ကိုင်ခြင်းစသည့်ရွေးချယ်စရာများကိုတွေးတောလာနိုင်ပါမယ်။ သင့်ရဲ့ စိတ်ကူးနောက်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ ရွေးချယ်စရာလမ်းကြာင်းတွေကို သင်တွေ့ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာပြောပြသွားတဲ့အချက်တွေအရ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းကိုရွေးချယ်တဲ့ ပထမခြေလှမ်းအတွက်အထောက်အကူဖြစ်စေမှာပါ…