သောကြာနေ့တိုင်းတင်ပေးသွားတဲ့ ကျွန်ုပ်တို့ Post တွေကတော့ အဓိကအားဖြင့် သင့်ရဲ့ Self-awareness အတွက်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင်ပိုပြီးနားလည်နိုင်ဖို့အတွက် ဒီ workshop ကို ဆက်ပြီး လုပ်လိုက်ရအောင်…
ဒီနေ့အကြောင်းအရာကတော့ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာရှိတဲသူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရရှိသလဲဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ Positive skills တွေကိုသင်ကိုယ်တိုင်နားလည်သဘောပေါက်ခြင်းဟာ တန်ဖိုးရှိသောအရာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့အားသာချက်တွေကိုနားလည်နိုင်မယ်နိုင်မယ်ဆိုရင် သင့်ရဲ့အားသာချက်တွေနဲ့ကိုက်ညီမယ့် အလုပ်တစ်ခုကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရိုးရှင်းတဲ့မေးခွန်းတချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ မေးခွန်းတွေကိုဖြေကြည့်ပြီးတော့ သင့်ကိုယ်သင်နားလည်နိုင်မှာဖြစ်တဲ့ သင့်ကိုယ်သင်ရှာဖွေရန်လွယ်ကူသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။
သင့်ရဲ့ အားသာချက်တွေကိုသိရှိနိုင်စေဖို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တဲ့ မေးခွန်းတွေကတော့
သင်အချိန်အကြာကြီးလုပ်နေရရင်တောင် သင်ငြီးငွေ့မသွားတဲ့အရာတွေက ဘာတွေလဲ? (ဥပမာ – သီချင်းဆိုတာ၊ စာရေးတာ ၊ etc…)
သင်အမြဲလုပ်နေရလဲ ရိုးမသွားတဲ့ သင့်ရဲ့ ဝါသနာ၊ သင်အကြိုက်ဆုံးအားကစား၊ သင်ကြိုက်တဲ့ဘာသာရပ်တွေက ဘာတွေလဲ?
သင့်ပတ်ဝန်းကျင်ကလူတွေ၊ သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေက သင်ဘယ်အရာမှာ ထူးချွန်တယ်လို့ပြောလေ့ရှိသလဲ?
တခြားသူတွေကို ဘယ်လိုပြဿနာမျိုးတွေအတွက် သင်အကြံပေးခဲ့ဖူးသလဲ?
သင့်ကိုယ်သင် ဘယ်လိုအကြောင်းအရာမျိုးတွေအတွက်ချီးမွမ်းဖူးသလဲ?
သင့်ကို သူများတွေကရော ဘယ်လိုအကြောင်းအရာမျိုးတွေအတွက်ချီးမွမ်းတာကို ခံရဖူးသလဲ?