Workshop Vol. 4: Peak Experience

23 October 2020

သောကြာနေ့တိုင်းတင်‌ပေးသွားတဲ့ ကျွန်ုပ်တို့ Post တွေကတော့ အဓိကအားဖြင့် သင့်ရဲ့ Self-awareness အတွက်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင်ပိုပြီးနားလည်နိုင်ဖို့အတွက် ဒီ workshop ကို ဆက်ပြီး လုပ်လိုက်ရအောင်…
ယနေ့ကျွန်ုပ်တို့ Workshop ဆွေးနွေးပွဲခေါင်းစဉ်အဖြစ် ‘Peak Experience’ ကိုကောက်ယူပါမယ်။ “Peak Experience (အထွတ်အထိပ်အတွေ့အကြုံ)” ဆိုသည်မှာ သင်သည်မိမိကိုယ်ကိုလက်တွေ့အကောင်အထည်ဖော်သည့်အခြေအနေတွင် အလွန်အမင်းပျော်ရွှင်မှုကိုခံစားရခြင်းကိုဆိုလိုပါတယ်။ ဒါဟာနေ့စဉ်ဘဝအတွေ့အကြုံတွေနဲ့မတူပဲကွဲပြားပါတယ်။ Peak Experience မှာ သင်တွေ့ကြုံရမယ့် အတွေ့အကြုံတွေဟာ သင့်စိတ်ဝင်စားတဲ့အရာတွေနဲ့ ပတ်သက်ပြီးရရှိလာတဲ့ ကောင်းသောအတွေ့အကြုံမျိုးတွေပဲဖြစ်ပြီး သင့်ကို ကောင်းသောစိတ်ခံစားချက်နဲ့ ပျော်ရွှင်မှုပေးနိုင်ပါတယ်။ ဒါကြောင့် သင်နားလည်ထားရမယ့် သင့်ရဲ့ Peak Experience ဟာ သင့်ရဲ့ Self-awareness လို့လည်းမှတ်ယူလို့ရသလို သင့်ရဲ့ အနာဂတ်အစီအစဉ်တွေကိုလုပ်ဆောင်နိုင်မယ့် Tips တွေအဖြစ်လည်းမှတ်ယူနိုင်ပါတယ်။ သင်အတွက်အကောင်းဆုံးအတွေ့အကြုံကိုရရှိနိုင်ဖို့ မေးခွန်းအချို့မေးပြီးဆွေးနွေးဝေမျှသွားမှာဖြစ်ပါတယ်။ ဒါဆို စလိုက်ရအောင်!
 
Peak Experience အတွက်မေးခွန်းများ
– ဘယ်လိုအတွေ့အကြုံမျိုးတွေက သင့်ကို စိတ်လှုပ်ရှားစေခဲ့ပါသလဲ?
– အထူးသဖြင့် ဘယ်လိုအချိန်မျိုးမှာ သင်ပြီးပြည့်စုံပြီလို့ခံစားရသလဲ?
– သင့်ဘဝမှာ သင့်ရဲ့အထူးချွန်ဆုံးအချိန်ကာလလို့ထင်ရတဲ့အချိန်က ဘယ်တုန်းကလဲ?