သောကြာနေ့တိုင်းတင်ပေးသွားတဲ့ ကျွန်ုပ်တို့ Post တွေကတော့ အဓိကအားဖြင့် သင့်ရဲ့ Self-awareness အတွက်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင်ပိုပြီးနားလည်နိုင်ဖို့အတွက် ဒီ workshop ကို ဆက်ပြီး လုပ်လိုက်ရအောင်…
ယနေ့ခေါင်းစဉ် ” Will, Can နှင့် Must ” မူဘောင်အကြောင်းဖြစ်ပါတယ်။ သင်အလုပ်အကြောင်းကိုစဉ်းစားတဲ့အခါ (သို့မဟုတ်) အလုပ်ခွင်တွင်စိုးရိမ်ပူပန်မှုများရှိပါကဒီအချက်တွေဟာအကြံဥာဏ်ကောင်းများထဲကတစ်ခုဖြစ်နိုင်ပါတယ်။
[‘Will, Can နှင့် Must’ မူဘောင်]
Will: မင်းဘာလုပ်ချင်လဲဆိုတာမျိုးဖြစ်ပါတယ်။ ဥပမာ – သင့်ရဲ့ကိုယ်ပိုင်ရည်မှန်းချက်၊ သင့်မျှော်လင့်ထားသောဘဝနှင့်အလုပ်ပုံစံ။
Can – သင်ဘာလုပ်နိုင်တာမျိုးဖြစ်ပါတယ်။ ဥပမာ – သင့်မှာရှိတဲ့ကျွမ်းကျင်မှုများနှင့်အသိပညာများ၊ သင့်ရဲ့အားသာချက်များ။
Must – သင်လုပ်ကိုလုပ်ရမယ့်အရာမျိုးဖြစ်ပါတယ်။ ဥပမာ – လူမှုရေးလိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင်လိုအပ်ချက်များ၊ ကုမ္ပဏီများမှပစ်မှတ်၊ ယခုမှစပြီးသင်ယူဖို့တစ်ခုခု။
ပုံအတိုင်း အချက် ၃ ချက်အကြားထပ်နေတဲ့ Point တွေဟာ သင့်အတွက်အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိနိုင်ရန် သင့်လျော်သောအနေအထားမျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သင်ကတစ်ခုခုကြိုးစားချင်ပေမယ့် လူ့အဖွဲ့အစည်းက မလိုအပ်ရင်သင်အဲ့ဒီ့အလုပ်ကိုလုပ်လို့မရနိုင်ပါဘူး။ ပထမဦး စွာသင်ဟာ ‘will’, ‘can’ နဲ့ ‘must’ တို့ကို တစ်ခုချင်း စဉ်းစားပြီး ပြဿနာများနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ပါတယ်။ ထိုအချိန်မှာပဲ အချက်သုံးချက်ကြားမှာ ဖြစ်လေ့ရှိတဲ ပြဿနာများရဲ့ အဖြေကို သင်ရှာဖွေနိုင်မှာဖြစ်ပါတယ်။