Workshop Vol. 6: Your Future

6 November 2020

သောကြာနေ့တိုင်းတင်‌ပေးသွားတဲ့ ကျွန်ုပ်တို့ Post တွေကတော့ အဓိကအားဖြင့် သင့်ရဲ့ Self-awareness အတွက်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင်ပိုပြီးနားလည်နိုင်ဖို့အတွက် ဒီ workshop ကို ဆက်ပြီး လုပ်လိုက်ရအောင်…
 
ဒီနေ့ခေါင်းစဉ်ကတော့ သင့်ရဲ့အနာဂတ်အကြောင်းပဲဖြစ်ပါတယ်။ သင်အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်းအတွက်သာမက သင့်ရဲ့အနာဂတ်ကိုသင်ကိုယ်တိုင်နားလည်ဖို့ ပြန်ပြီးတွေးတောကြည့်နိုင်ပါတယ်။ သင့်အနာဂတ်အကြောင်းကို သင်စိတ်ကူးကြည့်နေတယ်ဆိုရင်တော့ သင်ဟာ သင့်နောက်ထပ်လုပ်ဆောင်မယ့်အရာတစ်ခုကို ဦးတည်သွားနိုင်ပါလိမ့်မယ်။ ဒါကြောင့်အခုပြောပြသွားမယ့််မေးခွန်းတွေရဲ့ အဖြေကို စိတ်ကူးကြည့်လိုက်ရအောင်လေ…
 
– သင့်အတွက်ဘယ်လိုအိပ်မက်တွေဖြစ်လာဖို့ သင်မျှော်လင့်သလဲ?
– သင်အခုကစပြီး ဘာကိုစလုပ်ချင်သလဲ?
– သင်ဘယ်လိုလုပ်ဆောင်မှုတွေကို ရပ်လိုက်ချင်ပြီလဲ? (ဥပမာအပြုအမူ၊ လှုပ်ရှားမှု၊ အလေ့အထများ)
 
ဒီမေးခွန်းတွေကိုဖြေကြည့်ပြီးနောက်မှာတော့ နောက်လုပ်ဆောင်မယ့်အရာတွေနဲ့ပတ်သက်ပြီး အစီအစဉ်ဆွဲကြည့်ပါ။ သင်လက်ရှိ ဘာကို စလုပ်နိုင်သလဲ? ဒါမှမဟုတ် သင့်ရဲ့ အကျင့်ဆိုတွေကို ဘယ်လိုရပ်တန့်မလဲ?