သောကြာနေ့တိုင်းတင်ပေးသွားတဲ့ ကျွန်ုပ်တို့ Post တွေကတော့ အဓိကအားဖြင့် သင့်ရဲ့ Self-awareness အတွက်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင်ပိုပြီးနားလည်နိုင်ဖို့အတွက် ဒီ workshop ကို ဆက်ပြီး လုပ်လိုက်ရအောင်…
ဒီနေ့မှာတော့ Negative သဘောဆောင်တဲ့ပြဿနာတွေအပေါ်အာရုံစိုက်ပါမယ်။ သင်ဟာ သင်ကြိုက်နှစ်သက်တဲ့အရာတွေကိုပဲမဟုတ်ပဲ သင်လုပ်ဖို့ တွေဝေနေတဲ့အရာတွေကိုပါနားလည်အောင်လုပ်ဖို့လိုပါတယ်။ အောက်တွင်ဖော်ပြထားတဲ့မေးခွန်းတွေကတော့ အဲ့ဒီ့အကြောင်းအရာတွေကိုသင်နားလည်ဖို့ ကူညီပေးပါလိမ့်မယ်။
– သင်အားနည်းတဲ့အရာ ဒါမှမဟုတ် မကောင်းတဲ့အချက်ကဘာလဲ?
– ဘယ်အရာက သင့်ကိုပင်ပန်းစေလဲ?
– ဘယ်အရာက သင့်ကိုဝမ်းနည်းစေသလဲ?
– ဘယ်အရာက သင့်ကိုစိတ်တိုစေသလဲ?
ဒီမေးခွန်းတွေကနေတဆင့် အသစ်သောအရာတစ်ခုခုကိုရှာတွေ့ပါလိမ့်မယ်။