Workshop Vol. 9 ကျွမ်းကျင်ပိုင်နိုင်မှု (Mastery) ကို ရရှိ‌အောင်ဘယ်လိုလုပ်ဆောင်မလဲ?

27 November 2020

ဒီနေ့မှာတော့ကျွန်ုပ်တို့ဟာ ကျွမ်းကျင်ပိုင်နိုင်မှုကို ဘယ်လိုရရှိနိုင်မလဲဆိုတဲ့အကြောင်းအရာနဲ့မိတ်ဆက်ပေးပါမယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လုပ်‌ဆောင်ဖို့အတွက် အဆင့် ၅ ဆင့်ရှိပါတယ်။ ရှေ့ကပြောပြသွားတဲ့ Original Motivation နဲ့ ပတ်သက်တဲ့ Post ထဲကအကြောင်းအရာတွေအတိုင်းလုပ်ဆောင်ရန်လည်းအကြံပေးချင်ပါတယ်။ တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့ကတင်ပေးသွားတဲ့ Motivation နဲ့ ပတ်သက်တဲ့ Post တွေကို မဖတ်ရသေးဘူးဆိုရင်တော့ ပြန်ကြည့်လို့ရအောင် Link ထည့်ပေးလိုက်ပါတယ်နော်…

အဆင့် ၁ – Intended Training (ရည်ရွယ်ထားသောလေ့ကျင့်ရေး)
ရည်ရွယ်ထားသောလေ့ကျင့်ရေးရဲ့ ရည်ရွယ်ချက်မှာသင့်ရဲ့စွမ်းရည်ကိုမြှင့်တင်ရန်ဖြစ်ပါတယ်။ ရည်ရွယ်ထားသောလေ့ကျင့်မှုအနေဖြင့် သင်ဟာသေးငယ်တဲ့ရည်မှန်းချက်ပန်းတိုင်များကို အဆင့်မြှင့်ရန်လိုအပ်ပြီး ခြေလှမ်းအသေးလေးတွေကပင်သင့်ကိုတိုးတက်စေနိုင်တဲ့အတွက် လုပ်ပြီးသားအရာတွေကိုပဲထပ်ကာထပ်ကာလုပ်မနေသင့်ပါဘူး။ ဥပမာပြောရရင် သင်မာရသွန်ပြေးတဲ့အခါမှာ သင်ပြေးရတဲ့ပန်းတိုင်အကွာအဝေးကို တစ်နေရာတည်းမသတ်မှတ်ပဲ တစ်ဆင့်ပြီးတစ်ဆင့် ထပ်ထပ်တိုးသင့်သလိုပါပဲ…
 
အဆင့် ၂ – Repetition (ထပ်ခါတလဲလဲလုပ်ဆောင်ခြင်း)
ကျွမ်းကျင်ပိုင်နိုင်မှုကိုရရှိရန် ထပ်ခါတလဲလဲပြောဆို လုပ်ဆောင်ခြင်းဟာမရှိမဖြစ်လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကျော်ကြားတဲ့ဘတ်စကတ်ဘောကစားသမားတွေဟာ အသင်းလေ့ကျင့်ရေးအပြီးမှာသူတို့ရဲ့စွမ်းရည်ကိုတိုးတက်စေရန် ၁၀ ကြိမ်လောက်တည်းမဟုတ်ဘဲ အကြိမ် ၅၀၀ လောက် Free throw ပစ်ပြီးလေ့ကျင့်သလိုပါပဲ…
 
အဆင့် ၃ – Critical Feedback (ဝေဖန်အကြံပြုချက်များ)
အချက်အလက်များကိုနားလည်ရန်နဲ့ သင့်အတွက်တိုးတက်မှုများကိုဆက်လက်ရရှိရန်အတွက် သင့်ကိုချီးကျူးတဲ့ Positive Feedback တွေသာမက သင့်အားနည်းချက်တွေဖြစ်တဲ့ Negative Feedback တွေကိုပါသင်ကြားရန်လိုအပ်ပါတယ်။
အဆင့် ၄ – Focus on points of improvements (တိုးတက်မှုအချက်များအပေါ်အာရုံစူးစိုက်ခြင်း)
ကောင်းသောအချက်များအတွက်သာမက ကျွမ်းကျင်ပိုင်နိုင်မှုရရန် လိုအပ်တဲ့ အချက်များကိုတိုးတက်အောင်လုပ်ဆောင်ဖို့အတွက်လည်းအာရုံစိုက်ဖို့လိုပါတယ်။
 
အဆင့် ၅ – Have preparation for tough situation (ခက်ခဲတဲ့အခြေအနေအတွက်ပြင်ဆင်ခြင်း)
ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် ခက်ခဲသောအခြေအနေများကိုလည်း သင်ရင်ဆိုင်ရပါလိမ့်မယ်။ ဒီအဆင့်ဟာ ကျွမ်းကျင်ပိုင်နိုင်မှုရရှိရန်အတွက် ထိရောက်စေတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

Motivation ကိုဘယ်လိုဆက်လက်ထိန်းသိမ်းထားရမလဲ ? : Motivation Poster တစ်ခု ပြုလုပ်ပါ
ခက်ခဲတဲ့အခြေအနေတွေမှာတောင် သင့်ရဲ့စိတ်ကိုအားတက်အောင်လှုံ့ဆော်တဲ့စာသားတွေပါတဲ့ Poster မျိုးပြုလုပ်နိုင်ပါတယ်။ ၎င်းကိုနံရံပေါ်တွင်ချိတ်ထားရင်ဖြစ်ဖြစ်၊ သင်ရဲ့အိတ်ထဲမှာထည့်ထားရင်ပဲဖြစ်ဖြစ် အချိန်မရွေးတွေ့မြင်နိုင်တဲ့အတွက်စိတ်ဓါတ်တက်ကြွစေမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရလဲဆိုတာမသိရင်တော့ Google မှာ “Motivation Poster” လို့ရိုက်ပြီးရှာကြည့်ပေးပါနော်…

Reference
Daniel H. Pink (2011) Drive: The Surprising Truth About What Motivates US.